A Part Of My Life မှ လှိုက်လှဲစွာကြိုဆိုပါတယ်

Wednesday, December 8, 2010

Kespersky9.0.0.736en with 607days keygen file

Vrius များနဲ့လုံးသတ်နေရတဲ့ သူများ software လေးတစ်ခုပေးမယ်။kav9.0.0.736en ပါ။အရင်ဆုံး အားသာချက်ကိုပြောပြပေးမယ်။လူတော်တော်များများ ဘာလို့ kespersky ကိုကြိုက်နှစ်သက်တာလဲ?ဘာတွက် ကြောင့်လို့ထင်လဲ?မြန်မာကလူတော်တော်များများဟာ kespersky anti virus ကိုသုံးကြတယ်။ဘာလို့လဲဆိုရ ရင် kespersky က internet connection မရလဲ activate ဖြစ်အောင်လုပ်လို့ရတယ်။နောင့်တစ်ချက်က software တစ်ခု downလိုက်တယ်ဆိုပါတော့။

Kespersky ကတခြားsoftware တွေလိုမဟုတ်ဘူး။Download လုပ်လိုက်တဲ့ software တိုင်းကို စဒေါင်းလိုက်ပြီဆိုတာနဲ့ virus scan ဖတ်ပြီး auto သတ်ပေးတယ်။Activated ဖြစ်ရင်ပေါ့။နောင့်တစ်ချက်က kespersky က AVG Anti-Vrius-software လိုမဟုတ်ဘူး။ဒီကောင်က avg က ကိုယ့်ကွန်ပျူတာက ဖိုင်လ်တစ်ချို့တောင်ဖျက်ပစ်တယ်ပြောတယ်။တော်တော်ကြမ်းတယ်လို့ ပြောကြတယ် တစ်ချို့က။AVG က internet connection မရရင်ကို updated မဖြစ်ပါဘူး။ကဲလေရှည်သွားတယ်။အောက်လင့် မှာသာ kav9.0.0.736en ကို down ပေးပါ။
kav9.0.0.736en

ကဲစတင်သုံးကြရအောင်။ရှင်းပြပေးမယ်။သိသလောက်ပေါ့။အရင်ဆုံး run မယ်ပေါ့ဗျာ။

ကဲဒီအဆင့်ရောက်ရင် မိမိစက်မှာရှိတဲ့ internet connection ကိုဖြတ်လိုက်ပါ။

Rounter ခံသုံးသူတွေကတော့ မိမိခံထားတဲ့ rounter ကိုအင်တာနက်ကွန်နက်ရှင်မရအောင် (disable) ခနလောင်တော့ပေးထားပေးလိုက်ပေါ့။

ပြီးရင် Activate commercial license အောက်က key ကိုဖြည့်ပေးပြီး Next ကိုဆက်သွားပါ။
T1JVS-NNMBD-K1QTN-SUBP8

ကီးတော့ဖြည့်ပြီးပြီး။နောက်တစ်ဆင့်က ဒီလို message box တက်လာရင် ဘာမှမလုပ်နဲ့ 0K သာပေးပြီး အောက်ကအဆင့်ကိုရောက်လာပါတယ်။ဒီအဆင့်က keygen file ထည့်ပေးရမှာပါ။ဒီချိန်မှာ internet ကို ကွန်နက်ရှင်ဖြတ်တောက်ထားရမယ်တော့ အပေါ်မှာပြောပြီးပီနော်။ကဲ keygen file ကိုထည့်ရမယ်ပုံစံကိုပြောပြမယ်။

အရင်ဆုံး အောက်မှာ download လုပ်လိုက်တဲ့ keygen file ကို Browse ကနေရွှေးထည့်ပေးရပါမယ်။အောက် ဆုံးမှာkeygen fileကို upload ပေးထားပါတယ်။

ရွှေးပြီးရင် Open ကိုနှိပ်လိုက်ပေါ့။ပုံနှစ်ပုံက အပေါ်ပုံလိုပေါ့ဖြစ်လာမယ်။

Finish ကိုပေးလိုက်ပေါ့။ပြီးရင်တော့ အရင်ဖြုတ်ထားလိုက်တဲ့ ကိုယ့် computer ကို internet connection ရအောင်ပြန်လုပ်ပေါ့။Update တောင်းလာရင်တော့ update ပေးလိုက်ပေါ့။

Keygen file
ဒီပို့ စ် ကို PDF FILE လိုချင်တယ်ဆိုရင် ဒီမှာ ယူပါ

Tuesday, November 30, 2010

TAXI မောင်းကြမယ်

ဒီနေ့ တော့ download လုပ်စရာ မလိုပဲ TAXI မောင်ကြည့် ၇အောင်ဗျာ ...ဒီမှာ ဆော့လို့ ရတယ်နော် ...

သီတဂူ ဆရာတော်ကြီးဟောကြားတော်မူသော လူမိုက်တို့ ၏ သွားရာလမ်း တရားတော်

Type your summary here.Type the rest of your post here.

Friday, November 26, 2010

ပြည်မြို့ ရဲ့  နာမည်ကြီး အစားအစာများ















ပြည်မြို့ကို သွားရောက်လည်ပတ်ကြတဲ့သူတွေကို စားစရာဆိုင် ကောင်းကောင်းလေးတွေ ရှိတဲ့နေရာလေးတွေကို လမ်းညွှန်ပြောပြချင်စိတ် ပေါက်လာတာနဲ့ပဲ ဒီပို့စ်လေးကို ရေးလိုက်တာပါ။ ကျွန်တော်တို့ ပြည်မှာ ထမင်းဆိုင်ကောင်းကောင်းစားချင်ရင် ကန်လမ်းကိုသွားပါ။ ကန်လမ်းထဲမှာ ယုဇနထမင်းဆိုင် နဲ့ မေရွက်ဝါ ထမင်းဆိုင်တို့ဟာ ပြည်မှာတော့ နာမည်ကြီးထမင်းဆိုင်တွေပါပဲ။ပြည်မှာ ဒီလောက် အစားအသောက် သားငါးပေါတာ။ ငါးသလောက်ဥတွေနဲ့ ထမင်းသုတ်၊ ဘုရားကြီး အဆင်းက မုန့်ဟင်းခါး လက်ဘက်ရည် ပဲပလာတာ ကြက်သားပလာတာ အသုတ်စုံ ဘာစားစား အရမ်းကောင်းပါတယ်။

ဒါမှမဟုတ် ပြည်မြို့က နာမည်ကျော် “ဒေါ်ဥထမင်းသုတ်” စားချင်တယ် ဆိုရင်တော့ ပန်းပဲတန်းလမ်းနဲ့ ပွဲစားလမ်းကိုသွားပါ(ဘယ်လောက်ကောင်းလဲ ဆိုရင် ဂျာနယ်ကျော်မမလေးတောင် သူ့ ဝတ္တုမှာ ထည့် ရေးထားတာနော်)။ စံနန်းဥိးနားမှာ လက်စွမ်းပြ ထမင်းသုပ်က ကလဲရှယ်တယ် ။ ကမ်းနားက အကြော်ကတော့ ကမ်းနားဘက် ညဈေးထိပ် ဟိန္ဒူ ကျောင်းနားက ဟာ မဆိုးဘူး ။ကော်ရည်၊ ဆီချက်နဲ့ ဆီကော်တို့ စားချင်သေးလား....ရတယ်၊ ကင်းဘုရားလမ်း နဲ့လမ်းရှည်လမ်းထောင့်ကို သွားလိုက်ပါ။ အဲဒီဆိုင်က အရသာတော်တော်ကောင်းပါတယ်။ ကျွန်တော် တို့ အမြဲသွားစားနေကြဆိုင်ပေါ့။

ကျွန်တော်တို့ပြည်ကကော်ရည်က ရန်ကုန်ကကော်ရည်နဲ့ တော်တော်ကွာပါတယ်။ ပြည်ကကော်ရည်က ကော်မှုန့်ကို သကြားတို့ ကြက်သားတို့နဲ့ ကော်ဟင်းရည်အဖြစ် ချက်ထားတာဖြစ်ပြီး အရောင်ကလည်း အကြည်မဟုတ်ဘဲ အနောက်ပါ။ အဲဒါကို ခေါက်ဆွဲနည်းနည်း၊ ပဲပင်ပေါက်နည်းနည်း၊ ကန်စွန်းရွက် ရေနွေးဖျောထားတာကို နည်းနည်းစီထည့်၊ အီကြာကွေးတွေကို ကတ်ကျေးနဲ့ ညှပ်ထည့်ပြီး အခုနအရည်နဲ့ ရောစားရတာပါ။ မဖြစ်မနေ ကော်ရည်နဲ့ တွဲဖက်စားသုံးရတာက ကြက်သွန်ချဉ် သို့မဟုတ် ဂေါ်ဖီချဉ် နဲ့အတူ ငြုပ်သီး အတောင့်ကြီးတွေကို ပါးပါးလှီးပြီးချဉ်ရည်စိမ်ထားတဲ့ ငြုပ်သီးချဉ်ပါ။

မုန့်ဟင်းခါးကောင်းကောင်းကိုမှ စားချင်သူတွေအတွက်က လမ်းရှည်လမ်းနဲ့ တရုတ်တန်းလမ်းထောင့်မှာ “နွယ်နွယ်” မုန့်ဟင်းခါးဆိုင် ရှိပါတယ်။ ကျွန်မတိုသူငယ်ချင်းတစ်သိုက် အမြဲသွားနေကျဆိုင်လေ။ နွယ်နွယ် မုန့်ဟင်းခါးက ဆန်လှော်နဲ့ ချက်တာပါ။ ပြီးတော့ ပုသိမ်ဆန်လှော် မုန့် ဟင်းခါးဆိုင်လေး..ကျွန်တော်တို့ ပြည်မှာက မုန့်ဟင်းခါးဆိုရင် ဆန်လှော်မုန့်ဟင်းခါးပဲ ရောင်းကြတာ များပါတယ်။ အလှူတို့၊ မင်္ဂလာဆောင်တို့မှသာ မုန့်ဟင်းခါးကို ပဲနဲ့ချက်ကြတာပါ။ အဲဒီဆန်လှော်မုန့်ဟင်းခါးထဲကို ဘူးသီးကြော်ရယ်၊ ငါးဖယ်နဲ့ ဘဲဥစားချင်တဲ့သူက ငါးဖယ်၊ ဘဲဥရယ် ထည့်ပြီး နံနံပင်နဲ့ငြုပ်သီးမှုန့်လေးကို အပေါ်ကဖြူးပြီးတော့ကာများ စားလိုက်လို့ကတော့ ဘယ်ပြောကောင်းမလဲ (ပြည်ကိုရောက်ဖြစ်ခဲ့ရင် စားသာကြည့်လိုက်ကြပေါ့နော်)။ မုန့်ဟင်းခါးစားပြီး ဖျော်ရည်စုံသောက်ချင်သေးတယ် ဆိုရင်တော့ဖြင့် အဲဒီနွယ်နွယ်မုန့်ဟင်းခါးဆိုင်နဲ့ မျက်နှာချင်းဆိုင်က သစ်သီးဖျော်ရည်ဆိုင်ကိုပဲ ညွှန်းလိုက်ချင်ပါတယ်။ ပုသိမ်ဆန်လှော် မျက်နှာခြင်းဆိုင်ကတော့ သုံးရာသီ ဆိုတဲ့ အအေးဆိုင်ပေါ့(ကျွန်တော်တို့ ဗရုတ်ကျနေကြနေရာ)

ဒါမှမဟုတ် ကြက်သားပလာတာကောင်းကောင်း စားချင်သေးလား....။ စစ်ကဲလမ်းမှာ “မွတ်တား ပလာတာ” ရှိတယ်။ ဗိုလ်ချုပ်လမ်း ဗလီနားမှာ “ရာကွတ်ပလာတာ” ရှိတယ်။ ကြက်သားပလာတာဆိုတာက ပဲကို ကြက်သားတို့ အာလူးတို့နဲ့ အရည်ကျဲကျဲ ချက်ထားပြီး အဲဒီထဲကို ပလာတာနဲ့ ဆမူဆာကို ညှပ်ထည့်ပြီး စားရတာပါ။ အဲဒီ ကြက်သားပလာတာက ပြည်မှာပဲရှိမယ်လို့ ထင်မိပါတယ်။ တခြားမြို့တွေမှာရှိတယ်လို့ သိပ်မကြားမိသလိုပဲ။

ဒီလိုမှ မဟုတ်သေးပဲ လဘ္ဘက်ရည်ဆိုင်ကောင်းကောင်းထိုင်ချင်တာ ဆိုရင်တော့ ရွှေတစ်ချောင်းလမ်းမှာ “မေတ္တာရိပ်” ရှိတယ်။ မြို့သစ် သံလမ်းဂိတ် ဆေးရုံကြီးရှေ့မှာ “Day & Night” ရှိတယ်။ “မေတ္တာရိပ် ”ကတော့ ပြည်တက္ကသိုလ်က ကျောင်းသူကျောင်းသားတွေ အများဆုံးထိုင်တဲ့နေရာ ဖြစ်ပြီး “Day & Night” ကတော့ GTC နဲ့GCCကျောင်းသူကျောင်းသားတွေ အများဆုံးထိုင်တဲ့ နေရာလေးလေ (ကျွန်တော်တို့လည်း အပါအ၀င်ပေါ့)။ပေါက်စီကောင်းကောင်းစားချင်ရင် မင်္ဂလာနံနက်ခင်း ကိုသွား။ တစ်ညလုံး ဖွင့်တဲ့ဆိုင်ရှာချင်ရင် ညဈေးနားမှာ ဒေးဗစ်ဆိုင်ရှိတယ်။ ညဈေးက နန်းကြီးသုပ်နဲ့ ရွှေကြည်ဆနွမ်းမကင်း၊ကျောင်းကြီးအိုးတန်းရပ်ကွက်ထဲကforever ဆိုင်နဲ့ ဆေးရုံဝင်းကြီးနောက်က မြကျောက်ဆိုင် တွေကလည်း လူရှင်းပြီး အေးအေးဆေးဆေး ထိုင်လို့ ကောင်းတယ်။တံတားအောက်က view point ကတော့လူနည်းနည်းရှုပ်တယ်။ဈေးလဲကြီးတယ်။အိုဆာကာခေါက်ဆွဲ စားချင်ရင်တော့ ရွေတောင်မြို့ အထိသွားရမယ်။

တကယ်က ဒီဆိုင်တွေက နာမည်ကြီးဆိုင်တွေပါ။ အဲဒီဆိုင်တွေလောက် နာမည်မကြီးပေမယ့် သူ့ဟာနဲ့သူ နာမည်ရပြီးသား အရသာကောင်းတဲ့ ဆိုင်သေးသေးလေးတွေကလည်း ပြည်မှာအများကြီးပါပဲ။ ဒါကဆိုင်တွေကိုပဲ ညွှန်းထားသေးတာပါ။ နောက်ကြုံမှ ပြည်မြို့က ဒေသစားစရာတွေအကြောင်း ရေးရဦးမယ်။
အော်မေ့တော့မလို့  ပြည်ရဲ့ နာမည်ကြီး သရေစာ တစ်ခုကျန်ခဲ့သေးတယ်ဗျ .. ဘာလဲဆိုတော့ ပြည်မလိုင်ပါတဲ့ ခင်ဗျာ .. ပြောရင်းဆိုရင်း မြေအိုးမလိုင် က မျက်လုံး ထဲကိုဝင်လာတယ်ဗျာ . . . .

သူငယ်ချင်းတို့ရေ.... (ပြည်မြို့နဲ့ဝေးရာကိုရောက်နေကြသူများ) ဒီပိုစ့်လေးကို ဖတ်ပြီး ပြည်ကအဲဒီဆိုင်တွေကို သတိရပြီးတော့ကာ ပြည်ကိုပြန်ချင်စိတ်တွေ ပေါက်လာရင်တော့ ကျွန်တော်တာဝန်ဟုတ်ဘူးနော်။ကျွန်တော်ကတော့ ဒီပိုစ့်ကိုရေးနေရင်း ဘယ်နှစ်ခါမှန်း မသိဘူး တံတွေးတွေ မျိုမျိုချရတာလေ။း)))

(မအင်ကြင်းသန့်  ရဲ့  စာလေးတခို့ ကို ကိုးကားပြီး ထပ်ပြင်ထားတာပါ)

ကွန်ပြူတာ အသုံးများသူတွေအတွက်

သူငယ်ချင်းတွေက မေးတယ်ဗျ ကျွန်တော့်ကို .. မင်းဒီလောက် တစ်နေ့ ကို နာရီ ၂၀ လောက် ကွန်ပြူတာနဲ့ အလုပ်လုပ်နေတာ မျက်စိ ထိမယ်တဲ့ .. ကျွန်တော်လဲ ပစ္စည်းကောင်းလေးရထားတယ် လို့ ပဲ ပြောရမလိုဖြစ်နေပြီ . . .
ဒီမှာယူလိုက်ဗျာ . . ပြီးရင် အောက်ကပုံမှာပြထားတဲ့ အတိုင်း ကိုယ်လိုချင်သလောက် အလင်း အမှောင် ချိန်လိုက်ပေါ့ဗျာ . .

လင့်ကို ဒီမှာ ထပ်ပေးထားတယ်နော် http://www.mediafire.com/?65gaowkz1w1ww77
သူငယ်ချင်းအားလုံး မျက်မှန်တပ်ရခြင်းကင်းဝေးကြပါစေ . . .

gtalk always idle

ကျွန်တော် သူငယ်ချင်းတော်တော် များများက လာတောင်းနေလို့  တင်ပေးလိုက်တာပါ .. ဒီမှာ ယူလိုက်ပါ RUM ပြီးရင် အောက်ကပုံအတိုင်းလေး ပြင်လိုက်နော် ..


သူငယ်ချင်းအားလုံး လိမ်နိုင်ကြပါစေ .. အဲလေ မှားလို့ အဆင်ပြေကြပါစေ . . .

Thursday, November 25, 2010

Blog ဖွင့်ပွဲ အကျွေးအမွေးအစီအစဉ်

ကျွန်တော် Blog လေးကို ပြင်နေလို့  ကျွန်တော် ဘာမှကိုမတင်ဖြစ်ဘူးခင်ဗျ ခုတော့ ပြင်လို့ ပြီးသလောက်ဆိုတော့ ဖွင့်ပွဲလေးပေါ့နော် . . .စောစောရောက်လာတဲ့လူတွေကတော့ မုန့် ဟင်းခါးစားကြပါဦး


တို့ ကတော့ မုန့် ဟင်းခါးတစ်မိုးနဲ့ မတင်းတိမ်ဘူးဆိုရင်တော့ ဒီမှာ နန်းကြီးသုတ်ခင်ဗျ

ခင်ဗျာ ဗိုက်မ၀သေးဘူး ဟုတ်လား ကြေးအိုး ထပ်သောက်ဗျာ ဒါဆို


စားသောက်ပြီးရင် ဖာလူဒါလေး သောက်သွားဦးနော်

ဗျာ အစ်ကိုတို့  အစ်မ တို့ ကနောက်ကျနေလို့ လား စိတ်မပူ ပါနဲ့ ဗျာ ထမင်းပွဲပြင်လိုက်မယ်နော်

ဟင်းကလား ပုဇွန်ဆီပြန်လေးဗျာ ဒီမှာ

ဟာ စိတ်ချ မြန်မာ ထမင်းဝိုင်းပဲ သူမပါရင် ဘယ်ဖြစ်မလဲ လာပါပြီ ခင်ဗျ

ဒါကြီးပဲ မဟုတ်ရပါဘူးဗျာ ဟောဒီမှာ မြင်းခွာရွက်သုတ်လေးလဲ ပါပါ့

ကဲစားပြီးသွားရင် လက်ဖက်စားကြပါဦးဗျာ

ကဲမြန်မာ့ရိုးရာ မုန့်လုံးရေပေါ်လေး လဲစားသွားနော်

အော် မပူပါနဲ့ မြန်မာ့အစားအစာ ကို သတိရသွားမယ်မှန်း သိလို့ အဆင်သင့်ဗျဒီမှာ ကောက်ညှင်းပေါင်း

သူ့ ချည်းပဲစားမကောင်းဘူးလား ဒါတွေသိလို့ အကြော်လဲဆောင်ထားတယ်ခင်ဗျ

ဟောဒီမှာ ပဲပြုတ်နဲ့ နံပြားပါဗျာ

ဆီထမင်းလဲပါတယ်နော်

ကဲကဲမုန့် လက်ဆောင်း လေးလဲသောက်ပါဦး


ကဲကဲ ကျွေးစရာလဲကုန်သွားပြီ ကိုယ့်ဖိနပ်လဲကိုယ်ပြန်ကြည့် နော် အစားကိုချည်း မဲနေတာ . . . ဖိနပ်ပါသွားရင် မသိဘူး . ..ဟဲဟဲ...လာလည်တဲ့ အတွက်ကျေးဇူးပါလို့ အစ်ကိုတို့ အစ်မ တို့ အားလုံးပဲ . . .

Thursday, November 18, 2010

င်္Free Anti virus

ခုချိန်မှာ လူတိုင်းလိုလို က Anti Virus ကို Kespersky မှ Kespersky ဖြစ်နေလို့  ကျွန်တော် မှာရှိတဲ့ ဟာလေး ကို ဝေမျှပေးလိုက်ပါတယ် .... ကျွန်တော် ကတော့ Avira ပဲ သုံးတယ် ခင်ဗျ....အဲတော့ မိတ်ဆွေတို့ လဲ ကိုနဲ့ အဆင်ပြေမယ်ထင်ထာလေး ကို သုံးကြည့် ပေါ့နော်....
Kespersky ဆိုရင်တော့ ဒီမှာယူနော်
Avira ပဲ သုံးချင်တယ် ဆိုတဲ့ မိတ်ဆွေ တွေကတော့ ဒီမှာပါခင်ဗျ
Titanium ကို သုံးချင်ရင်တော့ ဒီမှာယူနော်

voip free call

Over Sea က သူငယ်ချင်း မိတ်ဆွေတွေကို ဖုန်းခေါ်ချင်တယ် ဒါပေမဲ့ ပိုက်ဆံ မရှိဘူးဆို ဒီမှာ နိုင်ငံတော်တော် များများ ကို အလကားခေါ်လို့ ရတယ်နော် မိတ်ဆွေ တို့ PC မှာ ဒေါင်းပြီး ရမ်းထားလိုက် ....
စမ်းသုံးချင်တယ်ဆိုရင် ဒီမှာယူနော် ကဲ အဆင်ပြေကြပါစေဗျာ

Wednesday, November 17, 2010

Computer နဲ့  MonoPoly ကစားကြမယ်

အပျင်းပြေ ဆော့ဖို့ ပါ


ကစားချင်ရင်တော့ ဒီမှာယူနော် . .
monopoly ကစားရင်းပျော်ရွှင်နိုင်ပါစေ

Registry ဆိုတာ

ကွန်ပျူတာမှာ
ရှိတဲ့ Hardware တိုင်းရဲ့ Information တွေ၊ Network Information တွေ၊
User တွေရဲ့ wallpaper, Screen Saver စတာတွေက အစ registry မှာ
သိမ်းထားပါတယ်။ Registry တွေကို သိမ်းထားတာက Windows 98/Me မှာဆိုရင်
System.dat နဲ့ User.dat ဆိုတဲ့ Binary နှစ် File ဖြစ်ပြီး၊ Windows
NT/2000/XP မှာဆိုရင်တော့ များပြားလှတဲ့ Registry တွေကို Hives လို့ခေါ်
ပြီး WindowsSystem32Config Folder မှာသိမ်းထားပါတယ်။ Registry
တွေမြင်ချင်တယ်၊ ပြင်ချင်တယ်ဆိုရင် Start မှာ Run ကို ရှာပြီး regedit လို့
ရေးပြီး OK ပေး ။ Registry Editor ပေါ်လာပါတယ်။ Registry ကို Editor
နဲ့ပဲပြင်လို့ရပါတယ်။ Win.ini တို့ System.ini တို့လို Notepad, Text
Editor တို့နဲ့ပြင်လို့ မရပါဘူး။ Registry ဟာ ကွန်ပျူတာရဲ့အကြောင်းအရာတွေ
Setting တွေကို Regedit.exe သုံးပြီး Windows Registry ကို တိုက်ရိုက် ၀င်
Setting လုပ်တာ ဖြစ်ပါတယ် ။ Registry မှာ အဓိကအုပ်စု(၆)စု ရှိပါတယ်။
၁။ HKEY-CLASSES-ROOT
၂။ HKEY-CURRENT-USER
၃။ HKEY-LOCAL-MACHINE
၎။ HKEY-USERS
၅။ HKEY-CURRENT-CONFIG
၆။ HKEY-DYN-DATA

HKEY-CLASSES-ROOT
သူက window 9x ကအသုံးပြုတဲ့ Standard Class Objects တွေကို
သတ်မှတ်ပေးတာပါ။ Class Object ဆိုတာ မျိုးတူ Function
အုပ်စုတွေရဲ့နာမည်ပါပဲ ။

HKEY-CURRENT-USER
ကွန်ပျူတာ တစ်လုံးထဲမှာ အသုံးပြုသူတွေဟာ ကိုယ်ကြိုက်တဲ့ User
Perference(wallpaper,screen saver,etc.) နဲ့ တစ်ယောက်ချင်း
ကိုယ့်စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။ အဲဒီ User တစ်ယောက်ချင်းစီက
သတ်မှတ်ထားတဲ့ Perference တွေကို HKEY-CURRENT-USER ထဲမှာ သိမ်းထားပြီး
လက်ရှိအသုံးပြုနေတဲ့ User ရဲ့ Personalized Setting တွေကို ဒီမှာ
သိမ်းပါတယ်။

HKEY-LOCAL-MACHINE
သူက ခုနက User Setting တွေနဲ့ လုံးဝမသက်ဆိုင်တဲ့ System ပိုင်းဆိုင်ရာ
အချက်အလက်တွေကို သိမ်းထားပါတယ်။ သူက ကွန်ပျူတာမှာရှိတဲ့ ပစ္စည်းတိုင်းရဲ့
အကြောင်းအရာတွေကို၊ တပ်လိုက်သမျှ၊ ဖြုတ်လိုက်သမျှ ကို သိမ်းထားပါတယ်။

HKEY-USERS
အကယ်၍များ အကြောင်းအရာနှစ်ခု Setting ဖြစ်နေတယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့
အကြောင်းအရာကို သိမ်းထားတာဖြစ်ပါတယ်။ ဥပမာ- ခင်ဗျားကွန်ပျူတာမှာ မတူတဲ့
Monitor နှစ်လုံးတပ်ထားတယ်ဗျာ။ ဒါပေမယ့် အခုလက်ရှိ သုံးနေတာက နှစ်လုံးထဲက
တစ်လုံး၊ ဒီကောင်က အခုလက်ရှိ သုံးနေတဲ့ Monitor နဲ့ ပတ်သတ်တဲ့ Values
တွေကို သိမ်းထားပါတယ်။

HKEY-DYN-DATA
သူကတော့ ကွန်ပျူတာ အလုပ်မြန်မြန် လုပ်နိုင်ဖို့ System Configuration
တွေကို RAM ပေါ်တင်ပြီး အလုပ်လုပ်ပါတော့တယ်။ သူဟာ Boot လုပ်တိုင်း System
Configuration တွေပြောင်းလဲတိုင်း Update လုပ်ပါတယ်။

(မှတ်ချက်။ ။Regedit ရယ် Regedit 32 ရယ်ဆိုပြီး Windows 2000 နဲ့ XP မှာ
နှစ်မျိုးရှိပါတယ်။ Regedition သုံးနေကျလည်းဖြစ်ပါတယ်။
အကြောင်းအရာတွေကိုလည်း ရှာဖွေပေးတဲ့ နေရာမှာလည်း Regedit 32.exe
ထက်မြန်ဆန်တာကြောင့် Regedit ကိုပဲ အသုံးများတာပါ။ Windows XP မှာ
HKEY-DYN-DATA ကိုတွေ့မှာမဟုတ်ပါဘူး ။ Idea ကတော့ တူတူပါပဲ။
သူငယ်ချင်း တို့ အားလုံး computer ဗဟုသုတ တိုးပွားနိုင်ကြပါစေ...
(ဆရာဇော်လင်းရဲ့ A+ စာအုပ်မှ ပြန်လည် မျှဝေပါသည်)

Online ပေါ်မှာ Microsoft Office သုံးရအောင်

သိပြီးသားလဲ ရှိမှာပါ..ကျွန်တော်က မသိသေးတဲ့သူတွေ အတွက် ရည်ရွယ်ပြီးပြောပြတာပါ..ကျွန်တော်ပြောမယ့် site လေးကတော့ http://skydrive.live.com/ ပါ..အဲဒီ ဆိုဒ်လေးမှာ ကိုယ့်ရဲ့ data တွေကို 25GB ထိတောင် သိမ်းထားလို့ရတယ်ဗျာ..အဲနောက်ပြီး ကိုယ့် photo တွေလဲ share လို့ ရတယ် :) နောက်တစ်ခုကောင်းတာကတော့ Microsoft Office Application တွေကို အဲဒီ site ပေါ်မှာတင် သုံးလို့ရတယ်...
ကဲ..စမ်းကြည့်လိုက်အုံးနော်...

ကိုယ်ပိုင် Ringtone လေးတွေလုပ်ကြရအောင်

ကိုယ်ကြိုက်တဲ့ သီချင်းတွေ ကိုဖြတ်ထုတ်ပြီး ringtone လုပ်လို့ရပါတယ်........
အောက်မှာ အသုံးပြုပုံအဆင့်အဆင့်ကို ဖော်ပြထားတယ်နော်
အဲဒီ software ကို စ run လိုက်တာနဲ့  အရင်ဆုံး ဒီလိုလေးပေါ်လာလိမ့်မယ်..








စိတ်ဝင်စားတယ်ဆိုရင် ဒီနေရာလေးမှာယူလိုက်နော်

Window 7,Vista Style For Window XP (Special Collection!!!)

" ချွေတာစုဆောင်းသူဌေးလောင်း " ဆိုတာ ကျွန်တော်တို့ အိုင်တီ သမားတွေ အတွက်ကတော့ Software တွေကို ပြောတာဖြစ်လိမ့်မယ်လို့ ထင်တယ်ဗျ .. ။ တစ်နေ့ တစ်နေ့ .. အင်တာနက်သုံး မြန်မာအိုင်တီ နဲ့ ရှိရှိသမျှ အိုင်တီ ဆိုဒ်တွေထဲက Software တွေလိုက်ရှာ ။ ပြီးရင် ဒေါင်း ။ ဒေါင်းပြီးရင် ကလိ ။ ကလိတာများလွန်းလို့ လားတော့ မသိဘူးး အိမ်က ကွန်ပြူတာလည်း ပြင်လို့ တောင် မနိုင်တော့ဘူးးး ။ ဟိဟိ ...

အခုလည်း Window - XP ကို မခွဲနိုင်မခွာရက် ဖြစ်နေတဲ့ သူငယ်ချင်းတွေ အတွက် ကလိဖို့ ထပ်ပေးလိုက်ဦးမယ်ဗျာ ။ ပျက်သွားရင်တော့ မပြောနဲ့  ... (ဟီးး ဟီးး နောက်တာပါဗျာ . စိတ်ချလက်ချသာ လုပ်ပါ ။ Window ပြန်တင်ရရုံကလွဲပြီးး ဘာမှ မဖြစ်နိုင်ပါဘူးးး )

အရင်တုန်းက သူများတွေ Window 7 တွေ Vista တွေ သုံးနေတုန်း သူတို့ တွေရဲ့  Theme လေးတွေကြည့်ပြီး တယ်ဟုတ်ပါလား ဆိုပြီး တွေးနေတာ .. ။ XP က အဆင်ပြေနေတော့ Window ကိုလည်း ပြန် မတင်ချင် ။ XP ကိုပဲ ပေတေပြီးသုံး ။ တစ်ချို့ Software တွေကလည်း XP Version အတွက်ပဲ ထုတ်တာဆိုတော့ ပြောင်းသုံးလိုက်ရင် အဲ့ဒါတွေ မသုံးရတော့မှာ စိုးတာက တစ်မျိုးနဲ့  ... ။

ဒီ Software တွေက ကြာတော့ ကြာခဲ့ပါပြီ ။ ဒါပေမဲ့လည်း မရှိသေးတဲ့ သူငယ်ချင်းတွေအတွက်ပေါ့ ။ ဟိုရှာ ဒီရှာနဲ့  ကလိထားတာလေးတွေ ကို တစ်စုတစ်စည်းထဲ ပြန်တင်ပေးလိုက်တော့ ပိုပြီး အဆင်ပြေတာပေါ့ ။ ကိုယ်နဲ့ အဆင်ပြေတာ သုံးကြပေါ့ဗျာ ။

အရင်ဆုံး AlienGuise ဆိုတဲ့ Software လေးကို သုံးကြည့်လိုက်ကြဗျာ ။ CD တစ်ချပ်မလို ၊ Restart တစ်ခါတောင် မကျပဲ .. Software လေး install လုပ်လိုက်တာနဲ့  Vista စတိုင် ၅ မျိုး အသုံးပြုလို့ ရမှာပါ ။ သူ့ ရဲ့  Screen Shot လေးတွေ ကြည့်ကြည့်ပါဦး ။


စိတ်ဝင်စားရင် ဒီမှာယူနော်
အဲ့ဒါလေးကတော့ တော်တော်သုံးရတာအဆင်ပြေပါတယ် ။ နောက်တစ်ခု အနေနဲ့ ထပ်သုံးချင်သေးတယ်ဆိုရင်တော့ Seven Transformation Park ဆိုတဲ့ Software လေးကို သုံးနိုင်ပါတယ်။ သူကတော့ Window 7 Style ပါ ။


စိတ်ဝင်စားရင်ဒီနေရာမှာ ယူလိုက်နော်
နောက်တစ်ခုက 7 Glass Theme For XP ပါ ။ Window 7 Style တစ်မျိုးပါပဲ ။

စိတ်ဝင်စားရင် ဒီမှာယူနော်
အဲ့ဒါလေးကို ဒေါင်းပြီးသွားရင် အောက်က instruction တွေအတိုင်းလုပ်ပေးလိုက်ရင် ရပါပြီ။

For 7 Glass Theme For XP
1.Install UXTheme Multi-Patcher 6.0.exe
2.Open folder SevenGlass and click in SevenGlass.msstyles
3.Click em Sound.exe and Install

အဲ့လောက်ဆိုရင်တော့ တော်တော်လေးလည်း စုံလောက်ပါပြီ ။ တကယ်တော့ နောက်ထပ် ရှိပါသေးတယ် ။ အဲ့ဒါတွေကို ထပ်တင်ပေးချင်သေးတာပါ ။ ဒါပေမဲ့ ကွန်နက်ရှင်(ဟီးး ဟီးး) က အခြေအနေ ဘယ်လိုမှ မပေးတဲ့အတွက်ကြောင့် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ ဟာလေးတွေ ရွေးပြီး တင်ပေးလိုက်တာပါ ။ ဒီဟာလေးတွေ ထဲက အဆင်ပြေတာကို ရွေးပြီး သုံးကြပေါ့ဗျာ ။

အဲ .. ဒါပေမဲ့ နောက်တစ်ခု တော့ ကျန်သေးတယ်ဗျ .. ။ အဲ့အပေါ် က Theme တွေမှာ တစ်ချို့ တစ်လေက Theme ပဲပြောင်းပေးသွားတာ ။ Mouse Properties ကို တစ်ချို့ ဟာတွေက ပြောင်းမပေးသွားဘူး ဗျ ။ အဲ့ဒါကြောင့် Mouse Pointer နဲ့ Loading မှာတော့ XP စတိုင်တွေပဲ ကျန်ခဲ့မှာ ။ ဒါပေမဲ့ မပူပါနဲ့  ။ အဲ့ Mouse Pointer ကို သီးသန့် ပြောင်းပေးတဲ့ ဟာလေးပါ တင်ပေးလိုက်တယ်ဗျာ ။ အဆင်ပြေအောင်ပေါ့ ။ Theme တွေမပြောင်းပဲ Mouse Properties လေးပဲ ပြောင်းသုံးချင်သုံးပေါ့ ။ မိုက်တာတော့ မိုက်တယ်နော် .. ။



အရင်ဆုံး Download လုပ်ပြီးရင် အထဲမှာပါတဲ့ install ဆိုတဲ့ file လေးကို right click နှိပ်ပြီး install ဆိုတာကို နှိပ်ပေးလိုက်ပါ ။ ပြီးရင် Contro Panel ထဲက Mouse Properties ထဲက Pointer Option ရဲ့  Browse ကို နှိပ်ပြီး Aero-Cursor ထဲက မိမိကြိုက်နှစ်သက်ရာ Pointer လေးကို ရွေးပေးနိုင်ပါတယ် ။

အဲ့ဒါဆို ရင်တော့ သူငယ်ချင်းတို့ ရဲ့  Window XP တွေဟာ XP မှန်း လုံးဝ မသိသာတော့ပဲ Window 7 , Vista Style အလန်းတွေကို ရရှိပါပြီ ။ အဆင်ပြေကြပါစေ ။

သီချင်းလေးတွေက ဒီမှာ


MusicPlaylist