A Part Of My Life မှ လှိုက်လှဲစွာကြိုဆိုပါတယ်

Thursday, November 25, 2010

Blog ဖွင့်ပွဲ အကျွေးအမွေးအစီအစဉ်

ကျွန်တော် Blog လေးကို ပြင်နေလို့  ကျွန်တော် ဘာမှကိုမတင်ဖြစ်ဘူးခင်ဗျ ခုတော့ ပြင်လို့ ပြီးသလောက်ဆိုတော့ ဖွင့်ပွဲလေးပေါ့နော် . . .စောစောရောက်လာတဲ့လူတွေကတော့ မုန့် ဟင်းခါးစားကြပါဦး


တို့ ကတော့ မုန့် ဟင်းခါးတစ်မိုးနဲ့ မတင်းတိမ်ဘူးဆိုရင်တော့ ဒီမှာ နန်းကြီးသုတ်ခင်ဗျ

ခင်ဗျာ ဗိုက်မ၀သေးဘူး ဟုတ်လား ကြေးအိုး ထပ်သောက်ဗျာ ဒါဆို


စားသောက်ပြီးရင် ဖာလူဒါလေး သောက်သွားဦးနော်

ဗျာ အစ်ကိုတို့  အစ်မ တို့ ကနောက်ကျနေလို့ လား စိတ်မပူ ပါနဲ့ ဗျာ ထမင်းပွဲပြင်လိုက်မယ်နော်

ဟင်းကလား ပုဇွန်ဆီပြန်လေးဗျာ ဒီမှာ

ဟာ စိတ်ချ မြန်မာ ထမင်းဝိုင်းပဲ သူမပါရင် ဘယ်ဖြစ်မလဲ လာပါပြီ ခင်ဗျ

ဒါကြီးပဲ မဟုတ်ရပါဘူးဗျာ ဟောဒီမှာ မြင်းခွာရွက်သုတ်လေးလဲ ပါပါ့

ကဲစားပြီးသွားရင် လက်ဖက်စားကြပါဦးဗျာ

ကဲမြန်မာ့ရိုးရာ မုန့်လုံးရေပေါ်လေး လဲစားသွားနော်

အော် မပူပါနဲ့ မြန်မာ့အစားအစာ ကို သတိရသွားမယ်မှန်း သိလို့ အဆင်သင့်ဗျဒီမှာ ကောက်ညှင်းပေါင်း

သူ့ ချည်းပဲစားမကောင်းဘူးလား ဒါတွေသိလို့ အကြော်လဲဆောင်ထားတယ်ခင်ဗျ

ဟောဒီမှာ ပဲပြုတ်နဲ့ နံပြားပါဗျာ

ဆီထမင်းလဲပါတယ်နော်

ကဲကဲမုန့် လက်ဆောင်း လေးလဲသောက်ပါဦး


ကဲကဲ ကျွေးစရာလဲကုန်သွားပြီ ကိုယ့်ဖိနပ်လဲကိုယ်ပြန်ကြည့် နော် အစားကိုချည်း မဲနေတာ . . . ဖိနပ်ပါသွားရင် မသိဘူး . ..ဟဲဟဲ...လာလည်တဲ့ အတွက်ကျေးဇူးပါလို့ အစ်ကိုတို့ အစ်မ တို့ အားလုံးပဲ . . .

သီချင်းလေးတွေက ဒီမှာ


MusicPlaylist