A Part Of My Life မှ လှိုက်လှဲစွာကြိုဆိုပါတယ်

Wednesday, November 17, 2010

Window 7,Vista Style For Window XP (Special Collection!!!)

" ချွေတာစုဆောင်းသူဌေးလောင်း " ဆိုတာ ကျွန်တော်တို့ အိုင်တီ သမားတွေ အတွက်ကတော့ Software တွေကို ပြောတာဖြစ်လိမ့်မယ်လို့ ထင်တယ်ဗျ .. ။ တစ်နေ့ တစ်နေ့ .. အင်တာနက်သုံး မြန်မာအိုင်တီ နဲ့ ရှိရှိသမျှ အိုင်တီ ဆိုဒ်တွေထဲက Software တွေလိုက်ရှာ ။ ပြီးရင် ဒေါင်း ။ ဒေါင်းပြီးရင် ကလိ ။ ကလိတာများလွန်းလို့ လားတော့ မသိဘူးး အိမ်က ကွန်ပြူတာလည်း ပြင်လို့ တောင် မနိုင်တော့ဘူးးး ။ ဟိဟိ ...

အခုလည်း Window - XP ကို မခွဲနိုင်မခွာရက် ဖြစ်နေတဲ့ သူငယ်ချင်းတွေ အတွက် ကလိဖို့ ထပ်ပေးလိုက်ဦးမယ်ဗျာ ။ ပျက်သွားရင်တော့ မပြောနဲ့  ... (ဟီးး ဟီးး နောက်တာပါဗျာ . စိတ်ချလက်ချသာ လုပ်ပါ ။ Window ပြန်တင်ရရုံကလွဲပြီးး ဘာမှ မဖြစ်နိုင်ပါဘူးးး )

အရင်တုန်းက သူများတွေ Window 7 တွေ Vista တွေ သုံးနေတုန်း သူတို့ တွေရဲ့  Theme လေးတွေကြည့်ပြီး တယ်ဟုတ်ပါလား ဆိုပြီး တွေးနေတာ .. ။ XP က အဆင်ပြေနေတော့ Window ကိုလည်း ပြန် မတင်ချင် ။ XP ကိုပဲ ပေတေပြီးသုံး ။ တစ်ချို့ Software တွေကလည်း XP Version အတွက်ပဲ ထုတ်တာဆိုတော့ ပြောင်းသုံးလိုက်ရင် အဲ့ဒါတွေ မသုံးရတော့မှာ စိုးတာက တစ်မျိုးနဲ့  ... ။

ဒီ Software တွေက ကြာတော့ ကြာခဲ့ပါပြီ ။ ဒါပေမဲ့လည်း မရှိသေးတဲ့ သူငယ်ချင်းတွေအတွက်ပေါ့ ။ ဟိုရှာ ဒီရှာနဲ့  ကလိထားတာလေးတွေ ကို တစ်စုတစ်စည်းထဲ ပြန်တင်ပေးလိုက်တော့ ပိုပြီး အဆင်ပြေတာပေါ့ ။ ကိုယ်နဲ့ အဆင်ပြေတာ သုံးကြပေါ့ဗျာ ။

အရင်ဆုံး AlienGuise ဆိုတဲ့ Software လေးကို သုံးကြည့်လိုက်ကြဗျာ ။ CD တစ်ချပ်မလို ၊ Restart တစ်ခါတောင် မကျပဲ .. Software လေး install လုပ်လိုက်တာနဲ့  Vista စတိုင် ၅ မျိုး အသုံးပြုလို့ ရမှာပါ ။ သူ့ ရဲ့  Screen Shot လေးတွေ ကြည့်ကြည့်ပါဦး ။


စိတ်ဝင်စားရင် ဒီမှာယူနော်
အဲ့ဒါလေးကတော့ တော်တော်သုံးရတာအဆင်ပြေပါတယ် ။ နောက်တစ်ခု အနေနဲ့ ထပ်သုံးချင်သေးတယ်ဆိုရင်တော့ Seven Transformation Park ဆိုတဲ့ Software လေးကို သုံးနိုင်ပါတယ်။ သူကတော့ Window 7 Style ပါ ။


စိတ်ဝင်စားရင်ဒီနေရာမှာ ယူလိုက်နော်
နောက်တစ်ခုက 7 Glass Theme For XP ပါ ။ Window 7 Style တစ်မျိုးပါပဲ ။

စိတ်ဝင်စားရင် ဒီမှာယူနော်
အဲ့ဒါလေးကို ဒေါင်းပြီးသွားရင် အောက်က instruction တွေအတိုင်းလုပ်ပေးလိုက်ရင် ရပါပြီ။

For 7 Glass Theme For XP
1.Install UXTheme Multi-Patcher 6.0.exe
2.Open folder SevenGlass and click in SevenGlass.msstyles
3.Click em Sound.exe and Install

အဲ့လောက်ဆိုရင်တော့ တော်တော်လေးလည်း စုံလောက်ပါပြီ ။ တကယ်တော့ နောက်ထပ် ရှိပါသေးတယ် ။ အဲ့ဒါတွေကို ထပ်တင်ပေးချင်သေးတာပါ ။ ဒါပေမဲ့ ကွန်နက်ရှင်(ဟီးး ဟီးး) က အခြေအနေ ဘယ်လိုမှ မပေးတဲ့အတွက်ကြောင့် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ ဟာလေးတွေ ရွေးပြီး တင်ပေးလိုက်တာပါ ။ ဒီဟာလေးတွေ ထဲက အဆင်ပြေတာကို ရွေးပြီး သုံးကြပေါ့ဗျာ ။

အဲ .. ဒါပေမဲ့ နောက်တစ်ခု တော့ ကျန်သေးတယ်ဗျ .. ။ အဲ့အပေါ် က Theme တွေမှာ တစ်ချို့ တစ်လေက Theme ပဲပြောင်းပေးသွားတာ ။ Mouse Properties ကို တစ်ချို့ ဟာတွေက ပြောင်းမပေးသွားဘူး ဗျ ။ အဲ့ဒါကြောင့် Mouse Pointer နဲ့ Loading မှာတော့ XP စတိုင်တွေပဲ ကျန်ခဲ့မှာ ။ ဒါပေမဲ့ မပူပါနဲ့  ။ အဲ့ Mouse Pointer ကို သီးသန့် ပြောင်းပေးတဲ့ ဟာလေးပါ တင်ပေးလိုက်တယ်ဗျာ ။ အဆင်ပြေအောင်ပေါ့ ။ Theme တွေမပြောင်းပဲ Mouse Properties လေးပဲ ပြောင်းသုံးချင်သုံးပေါ့ ။ မိုက်တာတော့ မိုက်တယ်နော် .. ။



အရင်ဆုံး Download လုပ်ပြီးရင် အထဲမှာပါတဲ့ install ဆိုတဲ့ file လေးကို right click နှိပ်ပြီး install ဆိုတာကို နှိပ်ပေးလိုက်ပါ ။ ပြီးရင် Contro Panel ထဲက Mouse Properties ထဲက Pointer Option ရဲ့  Browse ကို နှိပ်ပြီး Aero-Cursor ထဲက မိမိကြိုက်နှစ်သက်ရာ Pointer လေးကို ရွေးပေးနိုင်ပါတယ် ။

အဲ့ဒါဆို ရင်တော့ သူငယ်ချင်းတို့ ရဲ့  Window XP တွေဟာ XP မှန်း လုံးဝ မသိသာတော့ပဲ Window 7 , Vista Style အလန်းတွေကို ရရှိပါပြီ ။ အဆင်ပြေကြပါစေ ။

သီချင်းလေးတွေက ဒီမှာ


MusicPlaylist