A Part Of My Life မှ လှိုက်လှဲစွာကြိုဆိုပါတယ်

Wednesday, November 17, 2010

ပြည်ပွဲတော်

ပြည်မြို့ ဆိုတာ မြန်မာပြည် အလယ်ပိုင်းမှာတော့ ထင်ရှားတဲ့မြို့လေးတစ်မြို့ပါ ၊၊ အထက်အညာနဲ့ အောက် ပြည် အောက်ရွာကို ဆက်သွယ်ပေးထားတဲ့ မြို့ ၊၊ ရခိုင်ဒေသရဲ့ ၀င်ပေါက် ၊၊ ဧရာဝတီမြစ်နဘေးက လှပတဲ့ မြို့လေးတစ်မြို့ဆိုတာ ရောက်ဖူး နေဖူးသူတိုင်း သိကြပေလိမ့်မည် ၊၊ တခါတစ်ခေါက်အလည်ရောက်လာသူ တွေ မပြန်ချင်အောင် ဆွဲဆောင်နိုင်တာလည်း ရိုးသားတဲ့ မြို့လေးရဲ့ ဂုဏ်အင်တစ်ရပ်ပါပဲ ၊၊ ပြည်သူတွေ လှသလို ပြည်သားတွေ ချောတယ်လို့ ဆိုစမှတ်ပြုကြရဲ့(မယုံရင် ကျွန်တော့် ကိုကြည့် ပါ) ၊၊ စပါးလုံးတစ်ထောက်စာ အပေါ်ယံ အလှထက် အမှန်တကယ် စာဖွဲ့ ရမှာက ရိုးသားတဲ့ ပြည်သူပြည်သားတွေရဲ့ စိတ်သဘောထားပါပဲ ၊၊ ဖြူစင်တယ် ဟန်မဆောင် တက်ကြဘူး ၊၊ ဧည့်ဝတ်ကျေပွန်တယ် ၊၊ အရင်းခံသဘောတိုင်းပေါင်းသင်းတက်ကြတယ် ၊၊ တော ဆန်တယ် ၊၊ မြန်မာမှုကို မြတ်နိုးတယ် ၊၊ တန်ဖိုးထားတယ် ၊၊ ရတနာသုံးပါးလေးစားရိုသေတယ် ၊၊ ပြောရရင် ဂုဏ် အင်တွေ စာမဖွဲ့နိုင်ပေဘူး ၊၊ ရှိစေတော့ ၊၊ အခုတော့ အဲဒီပြည်မြို့ က အခုလောလောဆယ် ကျင်းပနေတဲ့ ပွဲတော် ဓါတ်ပုံလေးတွေ ကို တင်ပေးလိုက်ပါတယ်ဗျာ ၊၊ မျှဝေခံစားခြင်းပေါ့ ၊၊ ကျွန်တော်တို့ ကျောင်းတက်တဲ့ကာလ ကျောင်းပြီးတဲ့နှစ်တုန်းကလည်း တိုက်တိုက်ဆိုင်ဆိုင် သုံးနှစ်တစ်ကြိမ်လှည့်လည် ပူဇော် ပွဲနဲ့ ဆုံဖြစ်ခဲ့တယ် ၊၊ သူငယ်ချင်းတွေ အလွမ်းပြေပေါ့ဗျာ ၊၊




ဒါကတော့ ပြည်မြို့ ရဲ့ အမှတ်တရ စားစရာ ရှမ်းခေါက်ဆွဲလေးပါ ဘယ်ဆိုင်လဲ ဆိုတာတော့ ပြည်သူပြည်သား မှန်ရင် သိမှာပေါ့နော . .

မိတ်ဆွေတို့ လဲ တစ်ခေါက်တစ်ခါ လာရောက်လည်ပတ်နိုင်ကြပါစေနော်. . . ခု ပွဲတော်က စနေပါပြီ အင်္ဂလိပ် ပြက္ခဒိန် ၂၄ ရက်နေ့ ဆို ပွဲတော်ပြီးပါပြီ . . . ပြညိ ပွဲတော် ပုံတွေ ကြည့် ပြီး အလွမ်းဖြေနိုင်ကြပါစေ....

သီချင်းလေးတွေက ဒီမှာ


MusicPlaylist